်
ြမတ်စွာဘုရားသည် လူတို့ ေြပာဆိုေသာ စကားေြခာက်ခွန်းအနက် ေလးခွန်းကို ပယ်ကာ "ဟုတ်မှန်၊ အကျိုးရှိ၊ သူနာလို"ေသာ စကားနှင့် "ဟုတ်မှန်၊ အကျိုးရှိ၊ သူမနာလို"ေသာ စကားနှစ်ခွန်းကိုသာ သံုးစွဲအပ်သည်ဟု ညွှန်ြပေတာ်မူသည်။
(ပါဠိေတာ်လာစကားေြခာက်ခွန်းမှာ ၊ ဟုတ်မှန်၊ အကျိုးရှိ၊ သူနာလို။ ၊ ဟုတ်မှန်၊ အကျိုးရှိ၊ သူမနာလို။ ၊ ဟုတ်မှန်၊ အကျိုးမရှိ၊ သူနာလို။ ၊ ဟုတ်မှန်၊ အကျိုးမရှိ၊ သူမနာလို။ ၊ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူနာလို။ ၊ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူမနာလို- တို့ြဖစ်သည်။ )
"စကားေြခာက်ခွန်း၊ လူ၌ထွန်း၏၊ ကျယ်ဝန်းသိြမင်၊ အကျိုးထင်မှ၊ ေဟာကျင်တတ်အား၊ ဘုရားတို့မူ၊ မယူေလြဖစ်၊ ေလးခွန်းပစ်၍၊ စင်စစ်ဟုတ်မှန်၊ ကျိုးေြကာင်းတနက်၊ မလွန်ေစြမို့၊ မနှစ်လို့နှင့်၊ နှစ်လို့နှစ်ဦး၊ ေဟာဖူးဧကန်၊ " ပါမီ
"ေလာကီလူသားတို့မူကား ေြခာက်ခွန်းေသာစကားကိုပင် ေြပာဆိြကကုန်သတည်း။ စကားေြခာက်ခွန်း၊ လူ၌ထွန်း၊ ေလးခွန်းကိုပယ်၊ နှစ်ခွန်းတည် ဟုလကင်္ာေရးစပ်ထားသည်ကို ေထာက်သြဖင့် ဆင်ြခင်ရန် ြဖစ်ေချသည်။ " ေပါဒီ။


Post a Comment