စွန့်စားရဲလျှင် ရရှိမည့် အခွင့်အလမ်း အကျိုးေကျးဇူးများကို ေြကာက်ရွံ့ေနပါက လက်လွတ်ဆံုးရှံုးမည်။ စွန့်စားရဲလျှင်မူ မင်းအြဖစ်ကိုပင် ရနိုင်သည်။ ေြကာက်လျှင် လာဘ်လွဲ၊ ရဲလျှင် မင်းြဖစ်-စကားပံုလည်းရှု။
"မယ်ေတာ်၊ အလျင်ြကံေသာ် မင်းြဖစ်သည်၊ အေနှးြကံေသာ်သူ့ကျွန်ြဖစ်သည်။ ေြကာက်ေသာ်လွဲ ရဲေသာ်မင်းြဖစ် ဟူ၍ လူတို့ဆိုရိုးစကားြပုြကသည် ြဖစ်၍…၊ " ဓမ္မေစတီ။
"မင်းေသွးမင်းမာနက်ို အင်မတန် အားကိုးြကတယ်။ ေြကာက်လျှင်လဲွ ရဲမင်းြဖစ် ဆိုတဲ့စကားကိုလည်း အသံုးြပုြကတာကလား။ " မဥ္ဇရီ၊ စ။
ဗာရာဏသီြပည် ြဗဟ္မဒတ်မင်း၏သား ပဥ္စာဝုဓမင်းသားသည်တက္ကသိုလ်ြပည်၌ အတတ်ပညာသင်ြပီး လက်နက်ငါးပါးကို ယူ၍ မိမိတိုင်းြပည်သို့ြပန်လာသည်။ ေတာအုပ်ြကီးတစ်ခုသို့ ေရာက်ေသာ် ေစးကပ်သည့် အေမွးရှိေသာ ဘီလူးြကီးတစ်ေကာင်နှင့်ေတွ့ရာ ဘီလူးက သင်သည် ငါ့အစာြဖစ်ြပီဟုြခိမ်းေြခာက် ေြပာဆိုသည်။ သို့ေသာ် မင်းသားသည် ေြကာက်ရွံ့ြခင်းမရှိဘဲမိမိ၌ပါသည့် လက်နက်ငါးပါးြဖင့် ဘီလူးအား တိုက်ခိုက်သည်။ ထိုလက်နက်များသည် တစ်ခုြပီးတစ်ခု ဘီလူး၏ အေမွး၌သာ ကပ်ြငိကုန်သည်။ သို့ေသာ်ပဥ္စာဝုဓသည် ဇွဲမေလျှာ့ဘဲ လက်၊ ေြခ၊ ဦးေခါင်းတို့ြဖင့် တိုက်ခိုက်ြပန်ရာ လက်၊ ေြခ၊ ဦးေခါင်းတို့သည်လည်း ဘီလူး၏အေမွး၌ပင် ကပ်ြငိေနြပန်သည်။ ထိုအခါ ဘီလူးသည် ေြကာက်ရွံ့ြခင်းကင်းေသာ မင်းသားကို ရုတ်တရက်မစားဝံ့ဘဲ အဘယ်ေြကာင့် ေသြခင်းကို မေြကာက်သနည်းဟု ေမး၏။ မင်းသားကမိမိဝမ်းထဲ၌ ဝရဇိန်လက်နက်ရှိ၍ မိမိအားစားလျှင် သင်ဘီလူးလည်း ေသရမည်ြဖစ်ေသာေြကာင့် မေြကာက်ဟု ေြဖ၏။ ဘီလူးသည် မင်းသားအား မစားဝံ့ေတာ့ဘဲလွှတ်လိုက်၏။


Post a Comment